ရိုးရိုးမြေလေး မှ လှိုက်လဲစွာကြိုဆိုနေပါ၏ ...လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ.

Pages

Tuesday, May 27, 2014

Windows Phone တွင် မြန်မာဖောင့် ထည့်သွင်းပုံ


 

Windows Phone အသုံးပြုတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ Windows Phone မှာ မြန်မာစာဖောင့်နဲ့ လက်ကွက်ကို ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် အလွယ်တကူနဲ့ ထည့်သွင်း အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Windows Phone မှာ မြန်မာစာဖောင့်စနစ် ထည့်သွင်းဖို့အတွက် ZG Text ဆိုတဲ့ App ကို ထည့်သွင်းပြီး အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 

ZG Text ဆိုတဲ့ App ကို ရယူဖို့အတွက် http://goo.gl/4Y0Rgi ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ သွားရောက် ရယူနိုင်မှာဖြစ်ပြီး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ZG Text ဟာ မြန်မာစာလုံးတွေကို ထည့်သွင်း ဖို့အတွက် စီစဉ်ဖန်တီးပြုလုပ်ထားတာဖြစ်ပြီး Zawgyi One Font ကိုလည်း အထောက်အပံ့ ပေး ပါတယ်။ Windows Phone Version 7 က နေပြီး Windows Phone Version 8.1 အထိ ထည့်သွင်း အသုံးပြုနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ မြန်မာစာစနစ်ကို ထည့်သွင်း အသုံးပြုချင်သူများအတွက် အလွယ် တကူနဲ့ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

No comments:

Post a Comment