ရိုးရိုးမြေလေး မှ လှိုက်လဲစွာကြိုဆိုနေပါ၏ ...လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ.

Pages

Saturday, May 31, 2014

Smart Zawgyi Pro (Android version)






 







Developer ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro (Bat tool) ကိုတော့သုံးဖူးကြမှာပါ။ ၂၀၁၃ နိုဝင်ဘာလောက်ကတည်းက ထုတ်ခဲ့ပေမယ့် အခုနောက်ဆုံးထွက် ဖုန်းတွေအထိ error ကင်းကင်းနဲ့ font သွင်းနိုင်ပါတယ်။ 

မနေ့ညက အဲဒါသုံးရင်း အဲဒီ Smart Zawgyi Pro (Bat tool) ကို Android App အနေနဲ့ဆို Users တွေ အတွက်သုံးရတာ ပိုအဆင်ပြေမယ်ထင်လို့ Smart Zawgyi Pro (Android Version) အနေနဲ့ ပြန် လည်ရေးသားဖန်တီးပေးလိုက်ပါတယ်။ 

ယခု Smart Zawgyi Pro (Android version) ဟာ အရင်ကထွက်ပြီးသား ကွန်ပျူတာ tool ဖြစ်တဲ့ Smart Zawgyi Pro ရဲ့ Shell script တွေကို Android ဖုန်းပေါ်ကနေ တိုက်ရိုက်တင် run ပေးလိုက် တာဖြစ် တာကြောင့် ယခု Smart Zawgyi Pro (Android version) ရဲ့ အလုပ်လုပ်ပုံက Smart Zawgyi Pro (Bat tool) နဲ့အတူတူပဲဖြစ်ပါတယ်။
-Android version အားလုံးမှာ အလုပ်လုပ်ပါတယ်။
-မြန်မာစာမှန်ကန်စွာ ထည့်သွင်းပေးနိုင်ပါတယ်။
-သွင်းထားသော Smart Zawgyi Font ကို မကြိုက်ပါက Uninstall ပြန်လုပ်နိုင်ပါမယ်။
-ကိုယ့်ဖုန်းရဲ့ Android version နဲ့ကိုက်မယ့် Font သွင်းနည်း Method ကို ဆော့ဝဲက auto ရွေးချယ် အသုံးပြုပြီး font သွင်းပေးသွားမှာပါ။ ဒီထက်ပိုကောင်းတဲ့ Font Changer Tool တွေလည်းရှိမှာပါ။ အခုဟာကတော့ မူရင်း Smart Zawgyi Pro ကိုသုံးစွဲနေကြသူတွေအတွက် ယင်း မူရင်း Smart Zawgyi Pro ကို Android App အနေနဲ့ပြန်လည်ရေးသားဖန်တီးထားခြင်းပါ။

Smart Zawgyi Pro အား ကိုကျော်စွာသွင်မှရေးသားပါသည်။

Smart Zawgyi Pro (Android version) အား ကိုသက်နိုင်စိုး မှပြန်လည်ရေးသားပါသည်။

Smart Zawgyi Pro (Android version) အား အောက်က link မှာရယူနိုင်ပါတယ်။

http://www.solidfiles.com/d/635449c200/smartzawgyipro_(Thet_Naing_Soe).apk

(Download Site ထဲရောက်သွားရင် Direct Download Link ကိုနှိပ်ပြီး download ရယူပါ)

အားလုံးပဲအဆင်ပြေကြပါစေ။

✏ S4 Clone GT-I9500 MTK 6577 Firmware တင်​နည်း✏



image
-S4 Clone GT-I9500 MTK 6577 ကို Firmware ပြန်တင်​နည်းကိုတင်​ဆက်
ပေးလိုက်​ပါတယ်​။
အကြောင်း အမျိုးမျိုး ကြောင့် Firmware လစ် သွားရင် ဖြစ်ဖြစ် MIEI လစ်သွား ရင် ဖြစ်ဖြစ် ဒီ Firmware လေးပြန် တင် လိုက် ရင် Ok ပါပြီ
လက်တွေ့စမ်းပြီးပါပြီ 100% အဆင်ပြေ ပါတယ်။ကဲ..လိုအပ်​တာတွေအရင်ဒေါင်းမယ်​။
Spflashtool&driver Dropbox လင့်​ခ်
       (သို့မဟုတ်​ box လင့်​ခ်​က​ဒေါင်းပါ)
Spflashtool&driver box လင့်​ခ်

-ပြီးရင်​ S4 Clone ရဲ့ဖန်းဝဲကို​ဒေါင်းပါ-
★ S4 Clone Firmware လင့်​ခ်​★

ဒေါင်းပြီးပြီ ဆိုရင် ရလာတဲ့ဖိုင် တွေ ကို Desktop ပေါ်မှာ ဖြည် ထားလိုက်ပြီး ဖုန်းကို Battery ဖြုတ်ပြီး PC မှာ USB နဲ့ ချိတ်ပါပြီး မှ Battery
တပ်ပြီး( 1 ) ကဒေါင်း ထားတဲ့ Spflashtool&driver ထဲက MT6577 USB VCOM drivers >> Install driver ကို Dclick နှိပ်ပြီး Run ပေး ပြီး
ဖုန်းကို PC ကနေပြန်ဖြုတ် ထားပါ ဒါဆို Driver သွင်းပြီး ပြီ ပေါ့ နော် ပြီးရင် Spflashtool ကို ဖွင့်ပြီး Scatter-loading ကို နှိပ်ပြီး ( 2 ) မှာ
ဒေါင်းထားတဲ့ !Files_to_FlashTool ထဲ က MT6577_Android_scatter_emmc ကို ရွှေး ပေး လိုက် ပြီး Flash tool က DA DL ALL Witch
Check Sum မှာ အမှန် ခြစ် ပေးပြီး Download ကို နှိပ် လိုက်ပါ ဘောက် တစ်ခု ကျ လာရင် Yes ကို ရွှေးပေးပြီး ဖုန်းကို Battery ဖြုတ်ပြီး PC
မှာ USB နဲ့ ချိတ်ပါပြီး မှ Battery တပ် ပေးလိုက် ပါ Flash tool မှာ အနီရောင် အတန်းလေး ပြေးသွားပါ မယ် ပြီးရင် ခရမ်းရောင် လေး
ပြေးသွားမယ် ပြီးရင် အ၀ါရောင် လေး ပြေး မယ် နောက်ဆုံး အဆင့် မီးခိုးရောင် လေး ပြေးသွားပြီး 100% ပြီးရင် Download OK ဆိုပြီး
အစိမ်းရောင် အ၀ိုင်း လေး ပေါ်လာပြီ ဆိုရင်တော့ Firmware ပြန် တင် တာ အောင် မြင် ပြီ ပေါ့ ဗျာ ဖုန်း ကို PC ကနေ ဖြုတ် Battery ဖြုတ်၊ပြန်​တပ်​ပြီး၊power ဖွင့်​လိုက်​လို့်
ရပါပြီ။
       အဆင်​​ပြေပါ​စေ။
Credit >> "​နေလ"

Friday, May 30, 2014

Viber Switch Timetable


                                                                             


Viber Switch Timetable

ဒီကောင်လေးကတော့ ko kyaw min soe ရေးတဲ့
 Viber Switch Timetable Apk လေးပါ..
Vibre ကို Offline Online လိုသလို
အချိန်ဇယားဆွဲပြီး ဖော်ပြပေးနိုင်တဲ့ Apk လေးမို့
အသုံးတည့်မှာ သေချာပါတယ်..
ဒီကောင်လေး ဖုန်းထဲထည့်ထားရင် 
Internet ကို Viber အနှောက်ယှက်ကင်းကင်းနဲ့
သုံးနိုင်ပါပြီ..

အောက်မှာ ဒေါင်းယူနိုင်ပါတယ်..





http://www.mediafire.com/download/3p5bj0lkf2tezd6/Viber+Switch+Timetable%28channyein%29.apk

Thursday, May 29, 2014

What is XUS PC Lock?

XUS PC Lock - A powerful lock computer application



XUS PC Lock Screenshot
XUS PC Lock offers a new and fun way for you to lock your computer. Before using XUS PC Lock, you have to define your lock pattern. The next time you will see the lock screen, You trace your mouse in the pattern you drew before and your computer will unlock. Any other pattern and in any other order will not unlock the computer. XUS PC Lock can lock the whole computer. This is the most feature rich lock computer application available today with lots of customization options. XUS PC Lock is the ultimate customizable lock computer application allowing you to pick custom images for the lock screen. XUS PC Lock can auto-lock the computer when windows startup and computer inactivity. XUS PC Lock allows you to set an alert mode when the incorrect pattern is entered a maximum times. If you want to lock your computer as lock a touch smartphone, Please try our XUS PC Lock. It is really awesome!

IMPORTANT REMINDER: 1. Please don’t forget your lock pattern! 2. It’s best if you’ll also set a password in your computer for maximum security.

Version: 4.3.0
Size: 1.22MB
Release Date: 05/07/2014
OS: Windows XP, 2003, Vista, 7.0, 2008, 8.0 (32bit & 64bit)
Share on facebookShare on twitterShare on pinterestShare on deliciousShare on blogShare on reddit



Benefits & Features


* A new & fun way for you to lock your computer.
* Support Multiple Monitors.
* Anti Key-Logger. XUS Dynamic Password Technology makes your computer more secure.
* The funniest, most customizable way to lock your computer!
* Have 3 built-in patterns: 3x3, 4x4, 5x5 you can choice.
* Locking and Unlocking animation effect.
* Be able to disconnect internet access when system is locked.
* Back up pattern feature.
* Auto-lock the computer when Windows startup or in idle mode.
* Set a timer to turn off monitor automatically.
* Show Time and Date on locked screen.
* Make your computer has Windows 8's lock feature.
* Alert if the incorrect pattern is entered a maximum times. Completely customizable.
* Custom background image, and lots of customization options for the look of the locked screen.



Screenshots


XUS PC Lock Screenshot 1XUS PC Lock Screenshot 2XUS PC Lock Screenshot 3

XUS PC Lock Screenshot 4XUS PC Lock Screenshot 5XUS PC Lock Screenshot 6



User Reviews


Reviewed By Fanindia - August 13, 2011



"My Own Sentry ... obey my command. Very useful, enjoyable, and serious software. installation is very easy. This version is more effective than previous. Safe mode option is excellent. The best security."


Reviewed by Ferdinand Smith - April 19th, 2011



"Excellent product - Purchased XUS PC Lock some weeks ago and happy with installation and performance on my Windows 7 64bit machine."


Reviewed by Damon - April 30th, 2011



"XUS PC Lock has lots of options, much like some screensavers (how long too wait until and action, whether to start on start-up, etc.). To test it I set it to lock after one minute of inactivity. It locked my computer, I entered the same pattern and unlocked it. It works great! This can work with your current password security, increasing your protection 2-fold. Just beware that the number one way people get your password is ‘social engineering’ (watching you) If ANYONE is looking at your screen when you unlock this, they know how to unlock it……otherwise your fine. Thumbs up for the extra protection!"


Reviewed by Joel - May 5th, 2011



"I installed XUS PC Lock the last time it was offered (version 1.4) and love it. It is and does exactly what it claims, “A new and fun way for you to lock your computer.” Thanks!"




Wednesday, May 28, 2014

♪ တရုတ်ကုမ္ပဏီ Xiaomi ရဲ့ iPad Mini အလား ထင်မှတ်မှားရတဲ့ Mi Pad ♫



ဈေးအချိုဆုံး iPad Mini (Retina) ဟာ ဒေါ်လာ ၄၀၀ ကျသင့်ပါတယ်။ သင့်အနေနဲ့ ဒါကို များတယ်လို့ ယူဆရင်တော့ တရုတ်ကုမ္ပဏီ Xiaomi ထုတ် Mi Pad ကို ဝယ်ယူလိုက်ပါ။ အမှတ်မထင် ကြည့်လိုက်မယ်ဆိုရင် Xiaomi Mi Pad ဟာ အကြီးစား iPhone 5C လို့ ထင်စရာ ရှိပါတယ်။ အနီးကပ် ကြည့်လိုက်ရင်တော့ iPad Mini နဲ့ iPhone 5C တို့ကို ပေါင်းစပ်ထားတဲ့ အတုမဟုတ်တဲ့ ဆင်တူယိုးမှား Tablet တစ်လုံးကို တွေ့ရပါလိမ့်မယ်။
Mi Pad ဟာ အမှန်တကယ်တော့ Android သုံး tablet တစ်လုံးပါ။ ဒါပေမယ့် iPad Mini (Retina) ကဲ့သို့ပင် အထူးကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ 2048 x 1436 ပုံထွက်နှုန်းရှိတဲ့ ၇.၉ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ပေးထားသလို ကိုယ်ထည်ဟာလည်း iPhone 5C မှာ အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်း များပဲဖြစ်ကာ ထုတ်လုပ်ပုံခြင်းလည်း တူညီတယ်လို့ သိရပါတယ်။ ဒါအပြင် မူရင်း Android ပေါ် ထပ်ဆောင်းထည့်သွင်း ပေးထားတဲ့ MIUI Interface ဟာလည်း iOS 7 ကို မှီငြမ်းထားသယောင် ရှိနေပါတယ်။ ဒါပေမယ့် Mi Pad ဟာ iPhone 5C အား ပုံတူကူးထားခြင်း မဟုတ်ကြောင်း Mi Pad မှာ ဖုန်းတစ်လုံး မဟုတ်ပဲ tablet သာဖြစ်ကြောင်း ငြင်းချက်ထုတ်သွား ခဲ့ပါတယ်။
ဒါပေမယ့် Mi Pad မှာ အများနဲ့မတူ ထူးခြားတဲ့ လက်နက်ပုန်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကမ္ဘာ့ ပထမဆုံးသော NVIDIA Tegra K1 ပရော်ဆက်ဆာကို ထည့်သွင်းပေးထားခြင်းပဲ ဖြစ်ပါတယ်။ K1 ပရော်ဆက်ဆာဟာ ပြီခဲ့တဲ့ ဂျန်နဝါရီလအတွင်းက ကျင်းပခဲ့တဲ့ CES ပြပွဲကြီးမှာ ပွဲထွက်လာခဲ့ပြီးနောက် ဈေးကွက်တွင်းသို့ Mi Pad နဲ့အတူ ပထမဆုံးအကြိမ် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
2.2. GHz အားရှိ ဒီ Tegra K1 မှာ ပရော်ဆက်ဆာ ၄ လုံး + ဂရပ်ဖစ် ပရော်ဆက်ဆာ ၁ လုံးတို့ ပါဝင်လို့ အဆင့်မြင့် ဂိမ်းတွေဆော့ရာမှာ အလွန်းကောင်းမွန်တဲ့ ရလဒ်များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Memory က 2GB ဖြစ်ပြီး သိုမှီးမှုပမာဏ 16GB နဲ့ 64GB ဖြစ်ပါတယ်။ microSD ကဒ် ထည့်သွင်းပြီး သိုမှီးမှုပမာဏကို 128GB ထိလည်း တိုးမြှင့်နိုင်ပါသေးတယ်။
Mi Pad ကို iPhone 5C နှင့် အလားတူ အပြာ၊ အဝါ၊ ပန်းရောင်၊ အဖြူနဲ့ အစိမ်းရောင်များနဲ့ ထုတ်လုပ်ထားပြီး နောက်ကျောပြင် ကင်မရာက 8MP ဖြစ်ကာ ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ Wi-Fi b/g/n/ac ကွန်ယက်များနဲ့ Bluetooth 4.0 တို့လည်း ပါဝင်ပြီး ဘက်ထရီကတော့ 6700mAh အား ရှိပါတယ်။ နောက်ကျောပြင် ကင်မရာဟာ Sony နည်းပညာကို အသုံးပြုထားပြီး f/2.0 aperture ပါတဲ့ မှန်ပြောင်းပဲဖြစ်ပြီး 1080p ဗီဒီယိုများကိုလည်း ရိုက်ကူးနိုင်ပါလိမ့်မယ်။
အရွယ်အစားကတော့ 202.1 x 135.4 x 8.5 mm ဖြစ်ပြီး အလေးချိန်က ၃၆၀ ဂရမ် ဖြစ်ပါတယ်။ iPad Mini (Retina) ရဲ့ အရွယ်အစားက 134.7 x 200 x 7.5 mm ဖြစ်ကာ အလေးချိန် ၃၃၁ ဂရမ် ရှိပါတယ်။
Mi Pad ကို လက်ရှိအချိန်မှာ တရုတ်ဈေးကွက်တွင်း၌သာ ဖြန့်ချိထားပြီး ဈေးနှုန်းများမှာ 16GB အတွက် ဒေါ်လာ ၂၄၀ နဲ့ 64GB အတွက် ဒေါ်လာ ၂၇၃ ကျသင့်မှာ ဖြစ်ပါတယ်။ Mi Pad အား မည်သည့်အချိန်၌ နိုင်ငံတကာ ဈေးကွက်တွင်း ဖြန့်ချိသွားမည် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
Credit to ==> http://mmconsumerguide.com/

ဒေါက်တာ နန္ဒမာလာဘိဝံသ နဲ့ ဦးဇင်းကျော်ဟိန်း(ဦးကိတ္တိသာရ )တို့ ရဲ့ နှစ်ဦးစကားပြိုင်-

 ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (ဗုဒ္ဓသက္ကသိုလ်ပါမောက်ချုပ်) နဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်ဟိန်း (ဦးကိတ္တိသာရ ) တို့ရဲ့  နှစ်ကိုယ်ကြား စကားပြောဆိုမှုအသံဖိုင်ဖြစ်ပါတယ်။ ဦးကျော်ရဲ့ ကပ်သီးကပ်သပ် မေးခွန်းတွေ ဦးကျော်ဟိန်း ပြောဆိုသမျှကို ပညာသားပါပါ ဖြေကြားပုံတွေ အထူးကိုကောင်းမွန်လှပါတယ်။ နားဆင်ပြီးပြီလားတော့မသိပါဘူး solidfie မှာပြန်တင်ပေးလိုက်ပါတယ်။ တကယ်ကို စိတ်ဝင်စားဖို့ကောင်း
လွန်းလို့ပါ။နားဆင်ကြည့်ကြပါ

ပို့စ်ရေးသူ-Hanwailinn-www.sayyoethe.blogspot.com

DOWNLOAD ON SOLIDFILES

Smart Cover Pro v1.4.7(Latest version) For Android

image
-မိမိတို့ဖုန်း​လေးရဲ့ ကာဘာအဖုံးကိုပိတ်​လိုက်​ရုံနဲ့ screen ကိုပိတ်​​ပေးမှာဖြစ်​ပြီး၊ကာဘာကိုပြန်​ဖွင့်​ လိုက်​တာနဲ့ screen ကို ပြန်​ဖွင့်​​ပေးမယ့်
Smart Cover Pro v1.4.7(Latest version)
ဆိုတဲ့ Sensor Application ​လေးတစ်​ခုကို တင်​​ပေးလိုက်​ပါပြီ-
-screen အဖွင့်​/အပိတ်​လုပ်​တဲ့အခါမှာ power ခလုပ်​သုံးစရာမလိုတာ​ကြောင့်​၊မိမိဖုန်းရဲ့ပါဝါခလုပ်​ကိုသက်​သာ​စေပါတယ်​-
-ဒါ့အပြင်​ app ​တွေကိုလည်း manage လုပ်​နိုင်​ပြီး​တော့၊ဖုန်းရဲ့​နောက်​ကွယ်​မှာ running ​နေတဲ့၊ကိုယ်​အသုံးမပြုတဲ့ app ​တွေကိုလည်း
automatically သတ်​​ပေးတာ​ကြောင့်​၊မိမိစက်​ဟာ​ပေါ့ပါး​နေ​စေမှာလည်း ဖြစ်​ပါတယ်​-
-Apk File Size 1.22MB ရှိထားပြီး
-Android OS Version 2.2 နှင့်​အထက်​ရှိထား ​သောဖုန်းများမှာ ထည့်​သွင်း install လုပ်​၍ အသုံးပြုနိုင်​မှာ ဖြစ်​ပါတယ်​-
-​အောက်​က လင့်​ခ်​ ကိုနှိပ်​၍ apk အား​ဒေါင်းလုပ်​ရယူသွားနိုင်​ပါပြီ-

(​ဒေါင်းလုပ်​ဆိုဒ်​သို့​ရောက်​လျှင်​ Download
ဆိုတဲ့အစိမ်း​ရောင်​ button ရဲ့​အောက်​က
Direct download link ဆိုတဲ့စာသား
နေရာကိုနှိပ်​၍​ဒေါင်းလုပ်​ဆွဲယူပါ)
image
image
image
image
image
image
image

What's New
Ver 1.4.7
- Update a error in WhiteList
Ver 1.4.5 ~ 1.4.6
- Add DIY in Floating Service
Ver 1.4.4
- Add Floating Service
Ver 1.4.3
- Update widget does not work sometimes
Ver 1.4.2
- Sensor pause when plug headset
Ver 1.4.1
- Clean memory and rotation in notification updated
Ver 1.4.0
- Home button event when cover closed
- WiFi On/Off when cover closed and opened
Ver 1.3.9
- Sensor ON/OFF in Notification
- Clean cache when cover closed
- Clean history when cover closed
Additional information
Updated
6 May 2014
Size
1.2M
Current Version
1.4.7
Requires Android
2.2 and up
Content Rating
Everyone
   အဆင်​​ပြေပါ​စေ။
       ကို​ဇော်​သွင်​(နည်းပညာ)

ဟန်းဆက်ပေါင်းများစွာကို Root လုပ်နိုင်တဲ့ V Root v1.7.7 Latest Version



MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters version သစ် VRoot_1.4.3.3359 ဖြစ်ပါတယ်.. 25.7.2013 ရက်နေ့က နောက်ဆုံး ထွက်ရှိပါတယ်..  ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 2000 ကျော် ကို Root နိုင်လို့ သိရပါတယ်.. Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြောတာပါ. Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး.. ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters or Masters Brush (Brush Master Integration ROOT) ဖြစ်ပါတယ်.. နောက်ထပ်တွေ့လာရတာက i-Mobile IQ တွေကို ဒီကောင်နဲ့ Root လို့ရတာပါ.. Driver မသိရင်လည်း Online က Auto ချပေးတယ်... ပိုစုံလာတာပေါ့ဗျာ..
နည်းလမ်းကတော့ 
ပထမဆုံး Driver ကို သိရပါမယ်.. မရှိရင် အောက်ဆုံးမှာ ဒေါင်းနိုင်ပါတယ်.. Model အလိုက် USB Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်..

1 . ROOT Masters ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ..
2.  ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ်ဆိုရင် ROOT Masters ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်..


3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ.. Root လုပ်နေတာ မြင်ရပါလိမ့်မယ်..


4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်..
ဒါဆို အဆင်ပြေလောက်ပါပြီ..

ဒီကောင်နဲ့ Root ဖောက်ပြီးတဲ့အခါ App Drawer ထဲမှာ နာမည်မသိတဲ့ Application လေး တစ်ခု ရောက်နေပါတယ်.. အဲဒါကတော့ SuperUser ပေါ့ဗျာ.. တရုတ်လိုရေးထားတော့ ကျွန်တော်တို့ မဖတ်တတ်တာပါ.. Application တွေကို Install လုပ်လိုက်တဲ့အခါ ဒီ တရုတ်ဆော့ဖ်ဝဲလေးတက်လာပါတယ်.. ညာဘက်က ခလုတ်က Grant ဖြစ်ပြီး ဘယ်ဘက်ကဟာလေးကတော့ Deny ဖြစ်ပါတယ်..

ပုံထဲမှာ C8812 ကို Root လုပ်အောင်မြင်ကြောင်း ပြထားပါတယ်...




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

USB Memory Stick တစ်ချောင်း အသေးစိတ် လေ့လာခြင်း


 

သတင်းအချက် အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ် ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်း လိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ 1 USB Standard, Male A-plug ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်း နဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ 

Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။ 2 USB mass storage controller device သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ 3 Test points test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing ပြု လုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။ 4 Flash memory chip အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ် ပါတယ်။ 

သိမ်းတယ်ဆိုလို့ ဘာတွေ သိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေ တာတွေကို အီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ပြူတာ ထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လို ကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ 

ဒီမှာ သိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာ ဖြစ်ပါတယ်။ 5 Crystal oscillator သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာ ပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင် အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင် Crystal oscillator က လုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။ 6 LED (Optional) LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။ 

7 Write-protect switch (Optional) Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊ အတွင်းက အချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေး ပါတယ်။ ဒါလည်း ပါတဲ့ဟာက ပါပြီး မပါတဲ့ဟာ မပါပါဘူး။ 8 Space for second flash memory chip အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။ -- 

အောင်ခမ်း (ရိုးရာလေး)
-------------------------

Tuesday, May 27, 2014

မီဒီယာအများစု အသိမှတ်ပြုလိုက်ပြီ ဖြစ်တဲ့ ထွက်ရှိလာသော iPhone 6 ဒီဇိုင်း

မီဒီယာအများစု အသိမှတ်ပြုလိုက်ပြီ ဖြစ်တဲ့ ထွက်ရှိလာသော iPhone 6 ဒီဇိုင်း
ပြင်သစ် အခြေဆိုက် nowhereelse.fr က စလို့၊ ထိုင်ဝမ်၊ ဂျပန် သတင်း မီဒီယာ နဲ့ တရုတ်ပြည် ဆိုရှယ် မီဒီယာတွေပေါ်မှာ ဖော်ပြ ချက်များအရ ယခု ပုံမှာ မြင်တွေ့ နေရတဲ့ ဖုန်းဟာ iPhone 6 ဖြစ်ပါတယ်။ ၄.၇ လက်မ အရွယ် iPhone 6 ဖြစ်ပြီး ၅.၅ လက်မ အရွယ်လည်း ထွက်ရှိ အုံးမှာ ဖြစ်ပါတယ်။
iPhone 5S ထက် ပါးလွှာပြီး iPod Touch နဲ့တောင် ဒီဇိုင်း သိပ်မကွာ ဘူးလို့ ဝေဖန် ထားကြ ပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာ iPhone 6 အလုံးရေ သန်း ၈၀ ထုတ်လုပ် သွားမှာ ဖြစ်ပြီး သြဂုတ်လမှာ ဖြန့်ချိ ရောင်းချမှာ ဖြစ်ကြောင်း ဆိုပါတယ်။ စက်တင်ဘာလ အရောက် မှာတော့ အရွယ် ပိုကြီးတဲ့ ၅.၅ လက်မ iPhone 6 ကို ဈေးကွက် ဖြန့်ချိ မှာ ဖြစ်ပါတယ်။ ကင်မရာ 10 Megapixel pixel ရှိပြီး မှန်ဘီလူး အရည်အသွေး ပိုမို ကောင်းလာမယ် ဖြစ်ကြောင်း ဆိုပါတယ်။ Display အတွက် ဂျပန် ကနေ မှာယူထားကြောင်း ဆိုပါတယ်။
တရုတ်ပြည် Foxconn စက်ရုပ်မှ ထွက်ရှိလာတဲ့ Leak ဖြစ်တာ ကြောင့် ယခု ဖော်ပြပါ ဒီဇိုင်းက မှန်ကန်နိုင်ချေ ပိုများ ကြောင်း ဆိုပါတယ်။ ပိုမို ပါးလွာ မှု အတွက် မျက်နှာပြင် touch နည်းပညာ အပြောင်းအလဲ ရှိကြောင်း ဆိုပါတယ်။ ဒါ့အပြင် iPad ကို အီလက်ထရောနစ် နှင့် ဒီဂျစ်တယ် ပစ္စည်း အားလုံးကို ထိန်းချုပ်လို့ရတဲ့ Universal Remote အဖြစ် အသုံးပြု လာနိုင်တော့မှာ ဖြစ်ပြီး iPhone 6 မှာလည်း ပါဝင်နိုင်ချေ ရှိမယ်လို့ ခန့်မှန်း ထားကြ ပါတယ်။

                                  iPhone 6 ဒီဇိုင်းအား ပြသနေတဲ့ ဗီဒီယိုကို  အောက်က video မှာ ကြည့်လိုက်ပါ...
         

Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း


Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း 
 

ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ..။ အရင် တစ် လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ ဈေးကျလာတဲ့ အတွက် မြန်မာပြည်သား များ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီ ကို ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့ APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android 4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါ တယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။ ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြု တတ်အောင်ပါ နှိပ်ရမယ့် နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2 တွေ မှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart Zawgyi Changer လေးတွေနဲ့ သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့ မရပါ။

 ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း ၅-လုံးလောက်မှာ မြန်မာစာအ မှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့ ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက် ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2) စမတ်ဖုန်းတလုံးကို အခုတင်ပေး လိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး မြန်မာစာ ထည့်ပေးလို့ရပြီ..။ 

တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့အခါမှာ လည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့ ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများ ကတော့ Root မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်က လင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root , Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။ 


Smart Zawgyi and Baidu Root
(OR) 
Smart Zawgyi and Baidu Root 


Lenovo ဖုန်းတွေမှာတော့ ဖုန်းမော်ဒယ်နဲ့ Android ဗါးရှင်းကို Setting >> Version Infos ကနေ ကြည့် ရင် အောက်ကပုံလေး အတိုင်း တွေ့ရမှာပဲ ဖြစ်ပါတယ်..။ 

 

အပေါ်မှာ တင်ပေးထားတဲ့ APK လေးတွေကို ဒေါင်းယူပြီးရင်တော့ via USB Cable or Card Reader နဲ့ မန်မိုရီကတ်ထဲကို ကူးထည့်ပါ..။ ပြီးရင်တော့ Lenovo ဖုန်းရဲ့ File Browser ကနေသွားပြီး တရုတ်စာ နဲ့ ရေးထားတဲ့ root 2.3.9 ဆိုတဲ့ APK လေးကို တခြားဆော့ဝဲလ်တွေနည်းတူ Install အရင်ထည့်ပါ တယ်..။ 

 
အောက်ကပုံလေးတွေအတိုင်း Install ထည့်ပြီးရင် Open နဲ့ ဖွင့်လိုက်ပါ..။

 

 

 

 
အောက်ကပုံလေးတွေအတိုင်း ဆက်ပေါ်လာရင်တော့ မျှားပြထားတဲ့ နေရာလေးတွေကို နှိပ်သွားလိုက်ပါ..။

 

 

 

အောက်ကပုံအဆင့်မှာတော့ ဖုန်းကို Root ဖေါက်နေပါပြီ..။ ခဏစောင့်နေလိုက်ပါ..။ တစ်မိနစ်မပြည့် ခင် ပြီးပါတယ်..။ 

 

အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာရင်တော့တော့ မိမိတို့ရဲ့ ဖုန်းကို Root ဖေါက်လို့ ရသွားပြီ ဖြစ်ပါ တယ်..။ Root မရတဲ့ဖုန်းတွေမှာဆိုရင်တော့ အနီရောင်နဲ့ ပေါ်ပါတယ်..။ Root ရမရ သိရအောင် Root Checker Pro ဆော့ဝဲလ်လေးနဲ့ စစ်ကြည့်ပါ..။ Root ရပြီဆိုရင် မြန်မာစာ ပေါ်အောင် ဆက်ပြီး အောက်က အဆင့်တွေအတိုင်း လုပ်လို့ ရပါပြီ..။ 

 

အရင်ဆုံး Smart Zawgyi Changer ၂-ခုထဲက ဇ ပုံလေးနဲ့ MMSD Smart Zawgyi Changer ကို အသုံးပြု ပါတယ်..။ မြန်မာစာ ရတာ သေချာပါတယ်..။ အားနည်းချက်ကတော့ တရုတ်စာတွေ ပျောက်သွားပါတယ်..။ ဒါကြောင့် တရုတ်စာ ရေးတတ်၊ ဖတ်တတ်တဲ့ သူများကတော့ ဒီဖေါင့်ကို မသုံးသင့်ပါ..။ တရုတ်စာ မသုံးတဲ့ သူများကတော့ ဒီဖေါင့်ချိန်ဂျာကို အောက်ကပုံလေးအတိုင်း ဆက်ပြီး ထည့်သွားလိုက်ရင် မြန်မာစာ ရပါပြီ..။ 

 

Install ထညြ့်ပီးလို့ ဖွင့်လိုက်ရင်တော့ အောက်ဒုတိယပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ အစိမ်းရောင် နဲ့ ရေးပြထားတဲ့ (Root ရှိ မရှိ စစ်ဆေးပါ) စာသားကို တချက်နှိပ်လိုက်ပါ..။ Root Access တောင်းခဲ့ ရင်တော့ အောက်က မျှားပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။ 

 

 

Root ရပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ မိမိတို့ ဖုန်းနဲ့ တူတဲ့ စာသား ကို ရွေးနှိပ်သွားလိုက်ပါ..။ Lenovo ဆိုရင်တော့ အပေါ်ဆုံးက စာသားကို နှိပ်သွားလိုက်ပါ..။ 

 

အောက်ကပုံလေးအတိုင်း Complete စာသားနဲ့ ပေါ်လာရင်တော့ OK ပေးလိုက်ပါ..။ ဖုန်းပိတ်ပြီး ပြန်ဖွင့် လာရင်တော့ မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။ မြန်မာစာရိုက်တဲ့ ကီးဘုတ်မပေါ်သေးရင်တော့ ဖုန်းရဲ့ Setting >> Language and Input မှာ FrozenKeaboard ကို အမှန်ခြစ်ပေးလိုက်ရင် စာရိုက်လို့ ရသွား ပါပြီ..။ 

 

 

အပေါ်ကပုံအတိုင်း MMSD Smart Zawgyi Changer နဲ့ မြန်မာစာ အဆင်ပြေသွားတဲ့ ပုံလေးပါ..။ 
နောက်တခုကတော့ MM Aio Font Changer ကို အသုံးပြုရင်လည်း lenovo 4.2.2. ဖုန်းတွေမှာ မြန်မာစာ ရပါတယ်..။ အင်တာနက်သုံးတဲ့ Browser တွေနဲ့ Facebook တို့မှာ မြန်မာစာ ပေါ်ပေမယ့် အားနည်းချက် တခုကတော့ ဖုန်း Contact မှာ မြန်မာစာ ရိုက်လို့ မထွက်ပါဘူး..။ ကျနော် MM Aio Font Changer ကို အောက်ကပုံလေးအတိုင်း Install ထည့်ပြီး ဖွင့်ပါတယ်..။ 

 

 

ဖွင့်လိုက်တာနဲ့ Root Access တောင်းရင် အောက်ကပုံလေးအတိုင်း အနီးဝိုင်းပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။ 

 

ပြီးရင်တော့ မိမိတို့ဖုန်းရဲ့ ဗါးရှင်းနဲ့ တူတာကို အောက်က အဝါရောင် အဝိုင်းတွေထဲမှာ ရှာယူပါ..။ 4.2.2 ဖြစ် တဲ့အတွက် အောက်ပုံလေးတွေ အတိုင်း Smart ဇော်ဂျီမှာ အမှန်ခြစ်ပေးပြီး XML Method ကို နှိပ်ပေးလိုက် ပါ..။ အောက်ဆုံးပုံလေးတွေအတိုင်း အလုပ်လုပ်တာကို ခဏစောင့်နေပေးပြီးရင် ဖုန်း Restart ကျပါ တယ်..။ ပြန်ပွင့်လာရင်တော့ မြန်မာစာ ရပါပြီ..။ 

 

 

 

မြန်မာစာ ရိုက်တဲ့အခါမှာတော့ ပုံမှန်ဖေါင့်ဆိုဒ်နဲ့ အဆင်မပြေတဲ့အတွက် ကီးဘုတ်ကို ဖွင့်ထားပြီး Setting ကနေ ဖေါင့်ဆိုဒ်ကို သွားတိုးပေး ကြီးပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။ 

 

 
80 လောက်ရှိတာကို 130 လောက် ထားပေးလိုက်ရင် အောက်ဆုံးပုံအတိုင်း မြန်မာစာ ရေးလို့ ရပါပြီ..။

 

 

ဒီလောက်ဆိုရင်တော့ Lenovo 4.2.2 ဖုန်းတွေနဲ့ တခြား Android 4.2.2 တွေမှာလည်း မြန်မာစာ ရေးလို့၊ ဖတ်လို့ ရအောင် လုပ်တတ်သွားပါပြီ..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေပါစေဗျာ..။

http://lwinminbo.blogspot.com
-------------------------------------------------