ရိုးရိုးမြေလေး မှ လှိုက်လဲစွာကြိုဆိုနေပါ၏ ...လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ.

Pages

Saturday, August 16, 2014

အရေးကြီးတဲ့ဖုန်းဝင်လာရင် လက်မလွတ်စေဖို့ Essential Calls v1.0 APK

 
ဒီ Post လေးကို အသေးစိတ်ရှင်းပြထားတဲ့အတွက် သေချာလေးဖတ်စေချင်ပါတယ်။ အသုံးတည့်စေမယ့် Application လေးတစ်ခုပါ။
အိပ်စက်အနားယူချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာ ဖုန်းရဲ့ Ring သံမမြည်အောင် Silent or
Vibrate စတဲ့ ဖန်ရှင်တွေကိုစမတ်ဖုန်းတွေမှာထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့်လည်းအရေးကြီးတဲ့ ဖုန်းတွေကိုမသိလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဖုန်းကို Silent or Vibrate လုပ်ထားပေမယ့် ဒီလိုအရေးကြီးတဲ့ ဖုန်းတွေဝင်လာရင် Ring သံမြည်ပြီးသိရှိအောင်ပြုလုပ်ပေးနိုင်တာက Essential Calls ပါ။
Essential Calls ကိုအင်စတောလုပ်ပြီးရင် အရေးကြီး Contact များကိုသတ်မှတ်ပေးရမှာပါ။ အဲဒီ Contact တွေကနေဖုန်းဝင်လာရင် Silent or Vibrate လုပ်ထားရင်တောင် Ring သံနဲ့ အသိပေးမှာပါ။ ဒီလိုလုပ်ဖို့ + Button ကို နှိပ်ပါ။ Phone Book ထဲမှ Contact ကိုရွေးချယ်ချင်ရင် From Phone Book ကို နှိပ်ပါ။ Contact အသစ်တစ်ခုထည့်သွင်းချင်ရင် Custom Contact ကို နှိပ်ပြီးနာမည်နဲ့ ဖုန်းနံပါတ်ထည့်သွင်းပေးပါ။
ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုတစ်ချက်နှိပ်ပါ။ On activation switch to: မှာ Silent mode or Vibrate mode ကိုရွေးချယ်နိုင်ပါတယ်။ အောက်ခြေမှ Activate ကို နှိပ်ရင် ပြောင်းလဲပေးမယ့် Mode ကိုရွေးခိုင်းတာပါ။ Ringer volume မှာ Auto ကို Default အားဖြင့် ရွေးချယ်ထားပါတယ်။ အမှန်ခြစ်ကို ဖြုတ်ပြီး Volume ကိုသင့်စိတ်တိုင်းကျ သတ်မှတ်နိုင်ပါတယ်။ Activate လုပ်ထားရင် App အိုင်ကွန်ကို Notification Bar မှာ ပြပေးမှာပါ။ မပြပေးစေချင်ရင် On activation show notification မှာအမှန်ခြစ်ဖြုတ်ပေးပါ။ Settings အားလုံးကို နှစ်သက်သလိုသတ်မှတ်ပြီးရင် အောက်ခြေမှ Activate ကို နှိပ်ပါ။
Essential Calls ကိုအသုံးမပြုချင်ရင် Deactivate ကို နှိပ်ပေးနိုင်ပါတယ်။
Essential Calls ဟာအမြဲတမ်းအသုံးပြုရမယ့် App တစ်ခုတော့ မဟုတ်ပါဘူး။ အနားယူတဲ့အချိန်၊ အစည်း အဝေးခန်းထဲရောက်နေချိန်တွေမှာတောင် အရေးကြီးဖုန်းတွေကိုလွတ်မသွားရအောင် ကူညီပေးနိုင်ပါတယ်။ App ကို Free နဲ့ Premium နှစ်မျိုးပြုလုပ်ပေးထားပါတယ်။ Free Version မှာလူနှစ်ယောက်ကိုသာအရေးကြီး Contact အဖြစ်သတ်မှတ်နိုင်ပါတယ်။ Premium Version မှာတော့ လူအကန့်အသတ်မရှိထည့်သွင်းနိုင် ပါတယ်။ Essential Calls ကို Android 2.2 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။

Monday, August 11, 2014

Xiaopan OS ဖြင့် WPA/WPA2-PSK ပတ်စဝေါ့အား အလစ်သုတ်နည်း အဆင့်ဆင့်

 မင်္ဂလာပါ....

ဟိုတလောတုန်းက Beini နဲ့ WEP ပတ်စဝေါ့အလစ်သုတ်နည်း ပြောပြပြီးတဲ့နောက် အခုတခါ ဘော်ဘော်တွေက WPA/WPA 2-PSK တွေကိုပါ အလစ်သုတ်ချင်လာနေကြတယ်.... အဲ့ဒီတုန်းက Beini 1.2.3 ပဲထွက်သေးတော့ wpa ကိုရယူဖို့ ရာ Distionary Attack နဲ့ ပဲရသေးတော့ အဲ့ဒီမှာ ခေါင်းစားကုန်ကြတယ်.... အဲ့ဟာကြီးက ဘာကြီးမှန်းမသိဘူးပေါ့... အဲ့ဒါနဲ့ ပဲ လက်လျော့လိုက်ရတယ်...

အခုတခါတော့ Beini 1.2.5 ထွက်ရှိလာတဲ့အခါ wpa ပတ်စဝေါ့ကို အလစ်သုတ်ဖို့  Reaver ဆိုတဲ့ဖန်ရှင်ပါလာတဲ့အခါ အရင်လို ခေါင်းမစားတော့ပဲ ကလစ်တစ်ချက်နှိပ်တာနဲ့  အလစ်သုတ်လို့ ရလာတော့ အဲရစ်လို လူပြိန်းငတက်ပြားအတွက် အဆင်ပြေလာတယ်.... ဒါနဲ့ ပဲ တစ်ရက်တော့ မလေးရှားမှာနာမည်ကြီး ယူနီဖိုင်ဆိုတဲ့ wpa2-psk ပတ်စဝေါ့ကို အလစ်သုတ်ကြည့်မိတယ်..... ဒါနဲ့ ပဲ နေ့ လည် ၁၂ နာရီလောက်မှာ စပီး ခိုင်းတော့တာပဲ...... တစ်နေကုန်လွှတ်ထားလိုက်တယ်... ဖြစ်ချင်တာဖြစ်ဆိုပြီး.... ညနေ ၅ နာရီလောက် ကြည့်လိုက်တော့ ၃၀ % ပဲရှိသေးတယ်..... ဒါနဲ့ ဆက်လွှတ်ထားလိုက်တယ်..... ည ၁၀ နာရီကျပြန်တော့ ၅၅ % ... စောင့်ကြည့်မနေတော့ပဲ လွှတ်ထားလိုက်တော့တယ်.... မနက်မိုးလင်းကြည့်လိုက်တော့ ပတ်စဝေါ့ရပြီးဖြစ်နေတယ်.... မနက် ၃း၁၅ မှာရနေပြီးဖြစ်ပြီးတော့ ၉၂.၈၆ % မှာ ပတ်စဝေါ့ထွက်တာကိုတွေ့ ရတယ်..... ဆိုတော့ နာမည်ကြီး ယူနီဖိုင်ကို အလစ်သုတ်တာ ၁၅ နာရီလောက် ကြာတယ်လို့ ပြောရမယ်.....

နောက်တခါ ယူနီဖိုင်မဟုတ်ပဲ ရိုးရိုးလိုင်း wpa2-psk ကျတော့ ကြာချိန် ၇ နာရီရှိတယ်.... ဒါကြောင့် wpa2-psk ကိုအလစ်သုတ်ဖို့ ကြာချိန် အနည်းဆုံး ၇ နာရီကနေ အများဆုံး ၁၆ နာရီလို့ ဆိုလိုရမယ်ထင်တယ်.... စိတ်ရှည်ဖို့ နဲ့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်မယ်ဆို အဆင်ပြေပြေနဲ့ အလစ်သုတ်နိုင်မှာပါ....

အခုအဲရစ်ပေးမယ့်နည်းလမ်းက Xiaopan ဆိုတဲ့ iso လေးနဲ့  မိတ်ဆက်ပေးမယ်..... Beini နဲ့ တူတူပဲ.... သူ့ ကို ဒေါင်းပီးတော့ CD တစ်ချပ်လုပ်.... ပီးရင် CD ကနေ Boot တက်ပေးဖို့ ပဲ..... ဒေါင်းဖို့ က အောက်က လင့်မှာနော်.... 68MB ရှိတယ်...
CD ကတော့ လူတိုင်နီးပါးလုပ်တတ်လို့ မပြောပြတော့ဘူး.... အဲ.... CD ရှာရခက်တယ်... လောလောဆည် မရှိသေးဘူးဆိုရင်လဲ USB Pendrive နဲ့ လဲ အဆင်ပြေပါတယ်..... Pendrive ကို bootable လုပ်ဖို့ ကျတော့ အောက်မှာ ဒေါင်းလိုက်.... 5MB ရှိတယ်....
ဒေါင်းတဲ့အခါ ပြန်ရှာရလွယ်အောင် desktop ပေါ်မှာပဲသိမ်းထားတာ ကောင်းပါတယ်....
၂ခုစလုံး ဒေါင်းပီးပီဆိုရင် ပထမဦးဆုံး bootable pandrive လုပ်ဖို့ အတွက် unetbootin ကိုဖွင့်ပါ....

အောက်ကပုံစံအတိုင်း ၁း Diskmiage ကို click နှိပ်ပါ.... ၂း မျှားပြထားတဲ့နေရာကိုနှိပ်ပီး ခုနက ဒေါင်းထားတဲ့ Xiaopan ကို ရှာပီးရွေးပေးပါ.... ၃း pendrive ရဲ့ တည်နေရာပါ.... ပီးရင်တော့ ၄ အတိုင်း Ok နှိပ်ပါ....

အောက်ကပုံကတော့ bootable pendrive လုပ်နေတာပါ... ပီးရင်တော့ Reboot Now ကိုနှိပ်လိုက်ပါ... 

Boot ပြန်တက်လာရင် ကျွန်တော်တို့ က Boot Order ပြန်ပြောင်းပေးရပါမယ်.... အဲရစ်စက်က boot order ပြောင်းဖို့  F12 ကိုနှိပ်ရပါတယ်.... စက်အမျိုးအစားအလိုက် Boot order ပြောင်းရင် နှိပ်ရတဲ့ခလုတ် မတူညီပါဘူး... Desktop ကျပြန်တော့ F11. ဒါလဲ ပုံသေပြောလို့ မရပါဘူး.... အဲရစ်စက်ကတော့ Acer ပါ.... ဒါကြောင့် Boot တက်တက်ချင်း F12 ကိုနှိပ်ပါတယ်....
ရောက်သွားရင် USB ရဲ့ တည်နေရာနံပါတ်ကိုကြည့်ပါ... နံပတ် 3 ဖြစ်တဲ့အတွက် နံပတ် 3 ဆီအောက်မြှားနှိပ်သွားပြီး Enter ကိုနှိပ်ပါ....
အော်တို Boot လုပ်ပေးပါလိမ့်မယ်...
boot လုပ်ချိန် ခဏလေးစောင့်ပါ.... 

Xiaopan ထဲ ရောက်သွားပါပြီ...
ရောက်သွားရင် minidwep-gtk ကို နှိပ်ပါ...



Ok ကိုနှိပ်ပါ....

တကယ်လို့ စက်မှာ wireless card တစ်ခုထက်ပိုတပ်ထားရင် wlan0 ဆိုတာကိုနှိပ်ပီး wireless ကိုရွေးချင်ရွေးနိုင်ပါတယ်.... တစ်ခုထက်ပိုရင် wlan0, wlan1, wlan2 စသဖြင့် မြင်ရပါမယ်.... ကြိုက်နှစ်သက်ရာ ကဒ်ကိုရွေးချယ်ပါ... 



WEP or WPA/WPA2 စဖြင့်လည်း ရွေးချယ်နိုင်ပါတယ်... အခုက WPA2 ကိုအလစ်သုတ်မှာဖြစ်လို့  ရွေးချယ်စရာ မလိုပါ....

ပီးရင်တော့ Scan နှိပ်ပါမယ်...

Scan လုပ်ပီး လိုင်းတွေတက်လာပုံပါ.....

မြင်ရတဲ့ လိုင်း၂လိုင်းမှာ အပေါ်ကလိုင်းက WPA2-PSK ဆိုပြီး နောက်မှာ Client Address နဲ့  wps ဆိုတာပါတယ်....
အောက်ကလိုင်းက WPA နောက်မှာ wps ပဲပါတယ်....
ဘာထူးခြားလဲဆိုတော့ အနောက်မှာ wps ပါတဲ့လိုင်းတွေက အလစ်သုတ်ရတာလွယ်တယ်....
အဲ့ထဲကမှ အပေါ်ဆုံးကလိုင်းလို Client Address လဲပါမယ်.... သုနောက်ကမှ wps ပါတဲ့လိုင်းဆို ပိုအသေချာဆုံးပါပဲ....
ဒါကြောင့် အပေါ်ဆုံးကလိုင်းကို click နှိပ်ပီး Reaver ကိုနှိပ်လိုက်ပါ.....

Ok ကိုနှိပ်ပါ...

Ok နှိပ်ပီးတဲ့နောက် စတင် အလုပ်လုပ်နေပါပြီ.... Trying Pin ဆိုပြီး ဂဏန်းလေးတွေတက်နေပါမယ်....

ပုံမှာမြင်ရတဲ့အတိုင်း 0.04% ကို ၉ စက္ကန့် ကြာတယ်ဆိုတော့ ၁၀၀% ဖြစ်ဖို့ တော်တော် အချိန်ယူရမှာပါ....
အဲရစ်စမ်းသပ်ပီးသလောက်တော့ ၉၂% ကျော်ကျော်လောက်မှာ ပတ်စဝေါ့ ထွက်ပါတယ်.....

အောင်မြင်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်းထွက်လာပါမယ်.... အားလုံးကို ရေးမှတ်ထားဖို့ လိုပါတယ်.... အလည်က WPA PSK က သုပတ်စဝေါ့ပါ.... ဒါကတော့ Beini 1.3.5 ရဲ့ နမူနာပုံစံပါ... အဲ့လိုမြင်ရပါ့မယ်.... ၉၅% မှာ ပတ်စဝေါ့ထွက်ကြောင်းလဲ လေ့လာမှတ်သားမိပါတယ်...


အခုဆိုရင် အားလုံး လိုချင်နေတဲ့ wpa/wpa2-psk ကိုအောင်မြင်စွာ အလစ်သုတ်နိုင်ပြီဖြစ်လို့  မလေးရှားက သူငယ်ချင်းတွေ အကန့် အသတ်မရှိ သုံးနိုင်တဲ့ သာမာန်လိုင်းတွေထက် ပိုမြန်တဲ့ ယူနီဖိုင် ဆိုတာကြီးနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... အကန့် အသတ်မရှိသုံးနိုင်တော့ သူလဲမသိသာတော့ဘူးပေါ့.....
အဓိကကတော့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်ဖို့ နဲ့  စိတ်ရှည်ရှည်နဲ့ ဇွဲမလျော့ပဲ မနားတမ်း ထိုးဖောက်ရမှာဖြစ်တဲ့အကြောင်း အသိပေးလိုက်ပါတယ်....

ခင်တဲ့..

အဲရစ် ( Eric Kim ) 
Credit : မလေးဆီက အဝေးရောက် ခရီးသည်

WiFi ကို Hack မခံရအောင် ကာကွယ်နည်း (Wifi ကို ဖွက်ထားခြင်း)




WiFi ကို Hack လို့ ရတဲ့ နည်းတွေ တင်ပေးပြီးတော့ ....  WiFi ကို Hack မခံရအောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာလေး တင်ပေးပါဦး ပြောလာတာကို  ညီလေး Ko Cho Lay က ခုလို သူသိထားတာလေးကို  ပြန်လည် မျှဝေပေးလိုက်ပါတယ်... WiFi ပိုင်ရှင်များ အားလုံး ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်....:)

Wifi ကို ဖွက်ထား ခြင်း

ခေါင်းစဉ် ကို ကြည့်ပြီးတော့လဲ အထင်မကြီးပါနဲ့ဗျာ....

တကယ်တော့ ကျွန်တော်လဲ ဘာ မှ သိတာမဟုတ်ဘူးရယ်
ဒါပေမဲ့ ကျွန်တော် သိသလောက်လေး ပြန်ပြီးတော့ ဝေမျှပေးလိုက်ပါတယ်...

ဘာတွေ ကောင်းလဲ ဆိုတာတော့   ကိုယ့် ရဲ့  WiFi အင်တာနက် လိုင်း ကို သူများတွေ ရုတ်တရက် အလွယ်တကူ မသိနိုင် ဘူး ပေါ့ ဗျာ  ဒီထက်ကောင်းတာတွေလဲ ရှိမှာပါ ....                  

အရင်ဆုံး ကိုယ့်ရဲ့ Router Setting ထဲကိုဝင်ဖို့ သက်ဆိုင်ရာ
 
Ip address ကို ရိုက်လိုက်ပါ..

Default IP address ကတော့  (192.168.1.1) ပါ




ဒါပေမဲ့ ကိုယ်ပြောင်းထားရင် ပြောင်းထားသလို ဖြစ်နေမှာပါ

အဲ့ဒီလို IP ရိုက် ပြီးရင် သက်ဆိုင်ရာ
User name
Password ကို ရိုက်ပြီးတော့ ဝင်လိုက်ပါ..



 

အဲ့ဒါဆိုရင် …… ကျွန်တော်တို့ Router Setting ထဲကို ရောက်ပါပြီ …. အဲ့ဒီထဲကမှ ….. ကျွန်တော်တို့  Wireless ထဲကိုဝင်လိုက်ပါ 



 

အဲ့ဒီမှာ Hide access Point (or) Hide acc ….. စသည်ဖြင့် ရှိပါတယ် ….. 


 

အဲ့ဒါလေး ကို အမှန် ခြစ်ပြီးတော့  Apply (or) Save လုပ် ပေးလိုက်ပါ။ 

ဒါဆိုရင် ရပါ ပြီ ……



ကဲ....  အဆင် ပြေကြ ပါ စေ ဗျာ .. Ko Cho Lay

ဒီပို့စ်လေး အတွက် ညီလေး Ko Cho Lay ကို ကျေးဇူး အများကြီးတင်ပါတယ်....။


 www.winkabarkyaw.net

WiFi ကို Hack မခံရအောင် ကာကွယ်နည်း (Wifi ကို ဖွက်ထားခြင်း)


WiFi ကို Hack လို့ ရတဲ့ နည်းတွေ တင်ပေးပြီးတော့ ....  WiFi ကို Hack မခံရအောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာလေး တင်ပေးပါဦး ပြောလာတာကို  ညီလေး Ko Cho Lay က ခုလို သူသိထားတာလေးကို  ပြန်လည် မျှဝေပေးလိုက်ပါတယ်... WiFi ပိုင်ရှင်များ အားလုံး ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်....:)

Wifi ကို ဖွက်ထား ခြင်း

ခေါင်းစဉ် ကို ကြည့်ပြီးတော့လဲ အထင်မကြီးပါနဲ့ဗျာ....

တကယ်တော့ ကျွန်တော်လဲ ဘာ မှ သိတာမဟုတ်ဘူးရယ်
ဒါပေမဲ့ ကျွန်တော် သိသလောက်လေး ပြန်ပြီးတော့ ဝေမျှပေးလိုက်ပါတယ်...

ဘာတွေ ကောင်းလဲ ဆိုတာတော့   ကိုယ့် ရဲ့  WiFi အင်တာနက် လိုင်း ကို သူများတွေ ရုတ်တရက် အလွယ်တကူ မသိနိုင် ဘူး ပေါ့ ဗျာ  ဒီထက်ကောင်းတာတွေလဲ ရှိမှာပါ ....                  

အရင်ဆုံး ကိုယ့်ရဲ့ Router Setting ထဲကိုဝင်ဖို့ သက်ဆိုင်ရာ
 
Ip address ကို ရိုက်လိုက်ပါ..

Default IP address ကတော့  (192.168.1.1) ပါ




ဒါပေမဲ့ ကိုယ်ပြောင်းထားရင် ပြောင်းထားသလို ဖြစ်နေမှာပါ

အဲ့ဒီလို IP ရိုက် ပြီးရင် သက်ဆိုင်ရာ
User name
Password ကို ရိုက်ပြီးတော့ ဝင်လိုက်ပါ..



 

အဲ့ဒါဆိုရင် …… ကျွန်တော်တို့ Router Setting ထဲကို ရောက်ပါပြီ …. အဲ့ဒီထဲကမှ ….. ကျွန်တော်တို့  Wireless ထဲကိုဝင်လိုက်ပါ 



 

အဲ့ဒီမှာ Hide access Point (or) Hide acc ….. စသည်ဖြင့် ရှိပါတယ် ….. 


 

အဲ့ဒါလေး ကို အမှန် ခြစ်ပြီးတော့  Apply (or) Save လုပ် ပေးလိုက်ပါ။ 

ဒါဆိုရင် ရပါ ပြီ ……



ကဲ....  အဆင် ပြေကြ ပါ စေ ဗျာ .. Ko Cho Lay

ဒီပို့စ်လေး အတွက် ညီလေး Ko Cho Lay ကို ကျေးဇူး အများကြီးတင်ပါတယ်....။


 www.winkabarkyaw.net

Sunday, August 10, 2014

ဖုန်းမှာ ဓါတ်ပုံတွေကို နောက်ခံ Wallpaper ပြုလုပ်ပေးမဲ့ Auto Wallpaper Changer Apk



ဒီတစ်ခါတော့ ကျွန်တော်တို့ဖုန်းမှာ ဓါတ်ပုံတွေကို  နောက်ခံ Wallpaper slideshow လေးလိုပြုလုပ်ချင်သူများအတွက်တင်ပေးလိုက်ပါတယ် နောက်ခံတွေကို အချိန်နာရီလေးနဲ့ တစ်ပုံချင်းဆီ ပြောင်းလုပ်လို့ရပါတယ် အော်တို ချိန်းသွားပါလိမ့်မယ် တော်တော်လေးကိုလန်းပါတယ်ဗျာ
လိုအပ်ရင်တော့အောက်မှာဒေါင်းယူနိုင်ပါတယ်
ဒေါင်းလော့လင့်ဖိုင်ကိုရယူရန် Click နှိပ်ပါ

ပုံလေးနဲ့ကြည့်လုပ်ရန်
 ၁။ Auto Wallpaper Changer ကိုဖွင့်လိုက်ပါ
၂။အောက်မှာအတိုင်းပေါ်လာလိမ့်မယ် Settings ကိုနှိပ်ပေးပါ
၃။ဒီနေရာမှာတော့  off နေရာမှာ on လုပ်ဖို့အတွက် Auto Wallpaper Changer off နေရာကို လက်ဖြင့်ထောက်လိုက်ပါ
၎။ဒီနေရာမှာတော့ မိမိတို့ဖုန်းမှာရှိတဲ့ ဓါတ်ပုံ အုပ်စုသို့သွားရန် Choose Folderကိုနှိပ်ပေးပါ
၅။ဒီနေရာမှာ ဓါတ်ပုံများများရှိတဲ့ဖိုင်းတစ်ခုကို လက်ဖြင့်နှိပ့်လိုက်ပါ ကျွန်တော်ကတော့ ကင်မရာကို ရွေးလိုက်ပါတယ်
၆။ဒီနေရာမှာ ဆိုရင်တော့ Select This Folder ကို နှိပ့်ပေးပါ
၇။ဒီနေရာလေးမှာတော့ Save Settings ကိုနှိပ်ပေးလိုက်ပါ
မိမိတို့ နောက်ခံ Wallpapaer လေးဟာဆိုရင် ကိုယ်သတ်မှတ်ထားတဲ့ အချိန်ပြည့်ရင် အော်တိုပြောင်းပေးပါလိပ့်မယ်
အဆင်ပြေကြပါစေ
 

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

ဦးဝီရသူ မှ ဦးဘုန်းဓာတုသို့ ပေးစာ


ကို ကွန်း's photo.
ကို ကွန်း's photo.
ဦးဘုန်း(ဓာတု)က.....လောကအမြင်နဲ့....
အရှင်ဝီရသူ ကို တွယ်လိုက်တယ်.....။
အရှင်ဝီရသူက.....ဓမ္မ အမြင်နဲ့.....
ဦးဘုန်းကို......ဖယ်..(ပယ်)... လိုက်တယ်......။
တကယ်တော့.....လောကအမြင် အသိ ဟာ...
ဓမ္မ အမြင်အသိနဲ့..နှိုင်းယှဉ်လိုက်ရင်.....
ဆီ နှင့် ရေ............နံ့သာဆီ နှင့်...အီး
အဆင့်ပါပဲ.......။
လောကကိုချစ်....ဓမ္မကို....ပစ်ပယ်နေကြမယ်ဆိုရင်တော့......
လောကရဲ့...ကောက်ကျစ်ယုတ်မာမှုတွေ....ကို. တစ်နေ့.......လူးလိမ့် ခံစားကြရအုံးမယ်ဆိုတာ....
မြေကြီးလက်ခတ် မလွဲ...........ပါပဲ.....။.

(၁)
ဆရာဘုန်း (ဦးဘုန်း-ဓာတု) ရေ….. ကျေးဇူးပဲဗျာ။
တစ်နေ့ ဒီလိုပဲဖြစ်လာလိမ့်မယ်လို့ ထင်ပြီးသားပါ။ အဲဒီတစ်နေ့ကို စောင့်ကြိုခဲ့ရတာ ခုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။
ဘာကြောင့်လဲဆိုတော့ ဦးဇင်းရောက်လေရာ အရပ်ဒေသတွေမှာ ဆရာဘုန်းရဲ့ သဘောထားတွေကို သိခဲ့ရလို့ပါပဲ။ ဆရာဘုန်း ၉၆၉ ကို ဘယ်လိုသဘောထားတာ၊ မဘသကို ဘယ်လိုသဘောထားတာ၊ အမျိုးစောင့်ဥပဒေကို ဘယ်လိုသဘောထားတာဆိုတာတွေက ဆရာဘုန်းဟောပြောပွဲရောက်ရာ ဒေသတိုင်းမှာ ပြန့်နှံ့နေလိုပါပဲ။
ဆရာဘုန်းနှင့် ဇော်ခိုင်ဦးတို့ပေါင်းပြီး ဆရာမဒေါ်ယဉ်ယဉ်နုကို အကြပ်ကိုင် အနိုင်ကျင့်လိုက်တာမှာ ပိုပြီး ပေါ်လွင်ခဲ့ပေမယ့် အမျိုးဘာသာ သာသနာကို တိုက်ရိုက်ထိပါးလာခြင်းမဟုတ်သေးလို့ စောင့်ကြည့်နေခဲ့တာပါ။
အခုတော့ အမျိုးသားရေးအမြင် လုံခြုံရေးအမြင်နှင့် ပြောကြားခဲ့တဲ့ ဦးဇင်းကို အဇာတသတ်လို့ သတ်မှတ်လိုက်တာတွေ့ရလို့ ကျေးဇူးတင်မိတယ်ဗျာ။
(၂)
ဆရာဘုန်းရဲ့ စာထဲက ပထမကောင်မလေးရဲ့ မိခင်က ဝီရသူသဝါဒီမို့လို့ ထားလိုက်ပါတော့နော်။
ဒုတိယ အရက်သည် ဒေါ်ရီရဲ့ဆင်ခြေကို သရော်သွားတာလည်း လက်ခံပါတယ်ဆရာ။
ဆရာဘုန်း အမေရဲ့ အတွေးအခေါ် ပထမပိုင်းဟာလည်း မှန်ကန်ပါတယ်ဆရာ။
အားကိုးရသည်ဖြစ်စေ၊ အားမကိုးရသည်ဖြစ်စေ သားသမီးတွေကို မိဘဆိုတာက ချစ်နေမှာပဲမဟုတ်လား။ မေတ္တာပျက်တယ်လို့မှ မရှိပဲ။
ဆရာဘုန်း အဖေပေါ်မှာထားတဲ့ မေတ္တာတရားကျတော့ ဆွေးနွေးစရာလေးတွေ ပေါ်လာတယ်ဗျ။
ဆရာဘုန်းအဖေက ဆရာဘုန်းအမေအတွက် အားမကိုးရသူမှ မဟုတ်ဘဲ။ အားကိုးရသူဖြစ်နေတယ်လေဗျာ။ အားကိုးလောက်သူသာ မဟုတ်တာပါ။
ဆရာဘုန်းအမေကို မေးလိုက်ပါ။
အဖေသာ ပိုက်ဆံလုံးဝမရှာနိုင်တဲ့သူ အသုံးအဖြုံးကြီးတဲ့သူ၊ ဝင်ငွေလုံးဝ မရှိတဲ့သူ၊ မယားရှာသမျှ ဖြုန်းတီးပစ်တဲ့သူ၊ ဒါမှမဟုတ် ရသမျှကို သားမယားအတွက် မထောက်ပံ့ဘဲ သူစိမ်းတွေအပေါ် ကောင်းပြနေတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်ကော အမေက အဖေ့အပေါ် ဘယ်လိုသဘောထားမလဲလို့ ဒါလေးပါနော်..။
အားကိုးရတဲ့သူနှင့် အားကိုးလောက်တဲ့သူ ဒါလေးကိုတော့ မြင်အောင်ကြည့်စေချင်တယ် ဆရာဘုန်းရယ်။
အဖေက အမေစိတ်တိုင်းကျ ဖြည့်ဆည်းမပေးနိုင်ခဲ့တာက အားမကိုးလောက်တာပါ။
လူကောင်းတစ်ယောက်၊ လူမှန်တစ်ယောက် ရိုးသားကြိုးစားသူတစ်ယောက် သားမယားအပေါ် ကိုယ်တတ်နိုင်သလောက်လေးနှင့် သစ္စာရှိရှိ တာဝန်ကျေခဲ့သူတစ်ယောက်၊ ဒါတွေဟာ အားကိုးစရာ အချက်အလက်တွေ မဟုတ်ဘူးလားဗျာ။ အားကိုးထိုက်တဲ့ ဂုဏ်ကျေးဇူးတွေ မဟုတ်ပေဘူးလားဗျာ။
တကယ်လို့ အဲဒီအရည်အချင်းတွေ မရှိဘူးဆိုရင် သားမယားအပေါ် တာဝန်မကျေဘူးဆိုရင် သားမယားကို အငတ်ထားတယ်ဆိုရင် အမေက အဖေ့အပေါ် ဘယ်လိုသဘောထားမလဲလို့ တစိတ်လောက် မေးကြည့်ပေးပါအုံးနော်….။
(၃)
အငယ်ဆုံးကောင် အရက်သမား အားမကိုးရလည်း ချစ်နေမြဲဆိုတဲ့ ဆရာဘုန်းအမေရဲ့ မေတ္တာတရားကို လေးစားပါတယ်ဗျာ။
သားလေးတစ်ယောက်ရှိပါတယ်။ ဒီသားလေးက အားမကိုးရလို့ အိမ်နီးချင်းတွေခေါ်ပြီး စောင့်ရှောက်ခိုင်းနေရတဲ့ မိတ်ဆွေတွေကိုလည်း ကိုယ်ချင်းစာမိတယ်ဗျာ။
သားသမီးတွေက ဆိုးသွမ်းလွန်းလို့ နေ့စဉ်နှင့်အမျှ မျက်ရည်နှင့်မျက်ခွက်ဖြစ်နေရတဲ့ မိဘတွေ၊ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့ရတဲ့ မိဘတွေ၊ သေအထိ လှည့်မကြည့်နိုင်လောက်အောင် ဥပေက္ခာပြုရက်တဲ့ မိဘတွေကိုလည်း သနားတယ်ဗျာ။
သူတို့ကို မိဘမေတ္တာ ခေါင်းပါးရန်ကော….. ဆိုပြီး အပြစ်မတင်ရက်ဘူးဗျာ။
မိဘတွေက သားသမီးတွေကို ချစ်တာချင်း အတူတူတောင် လိမ္မာရေးခြားရှိတဲ့၊ ထူးချွန်ထက်မြတ်တဲ့၊ ကျေးဇူးတရားသိတတ်တဲ့ ၊ အားကိုးရတဲ့ သားသမီးတွေကို ပိုပြီး သံယောဇဉ်ကြီးကြပါတယ်ဗျာ။ ဒါကိုရော ဆရာဘုန်းရဲ့ အမေက ငြင်းပယ်မှာလားလို့ မေးပါရစေနော်…။
(၄)
ဆရာဘုန်းရဲ့ ချစ်ဇနီးကိုလည်း မေးကြည့်ပါအုံးနော်…။
မိန်းမသားတွေလိုလားတောင့်တကြတဲ့ ကာမသုခနှင့် ဓနသုခ ဒီဆန္ဒနှစ်မျိုးလုံးကို ဆရာဘုန်းကသာ ဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင်၊ လုံးဝကို ဖြည့်ဆည်းမပေးခဲ့ဘူးဆိုရင် ဆရာဘုန်းအပေါ် အခုလိုဘဲ- ကြည်ဖြူနေမှာလားလို့။
(၅)
အဇာတသတ်က ဒေဝဒတ်ကြီးကို ချစ်တာမဟုတ်ပါဘူးဗျာ။ အားကိုးမိတာပါဗျာ။ အားကိုးမှားခဲ့တာပါဗျာ။ ဆရာတင်မှားခဲ့တာဗျာ။ ဒေဝဒတ်က တန်ခိုးနှင့်မှိုင်းတိုက်ထားလို့ အားကိုးရာအစစ်ကို မမြင်ခဲ့ရှာတာပါဗျာ။
ဒေဝဒတ်က အဇာတသတ်အတွက် ဘာတွေများ အားကိုးရလို့တုန်းဗျ။ ဘုရားကသာ အဇာတသတ်အတွက် အားကိုးရသူဖြစ်တာပါဗျ။
(၆)
“အားကိုးရတယ်ဆိုတာ မှတ်ထား - ငါ့သမီးရဲ့ စည်းစိမ်၊ ဥစ္စာ၊ အာဏာ၊ ငွေကြေးမဟုတ်ဘူး။ ကိုယ့်ကျင့်တရားဟဲ့၊ ကိုယ်ကျင့်သီလဟဲ့။”
ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ဆရာဘုန်းအမေကို လေးစားမိတယ်ဗျာ။ ဒါပေမယ့် တရားသေတော့ မသတ်မှတ်လိုက်နဲ့နော်။ မိန်းမသားတိုင်း ဆရာဘုန်းအမေလို စိတ်ထားမျိုးချည်း အောက်မေ့မိမှာစိုးလို့ပါ။
အစတုန်းက ရိုးတယ် ရိုးတယ်ဆိုပြီး ပိုးကြပန်းကြ။
နောက်ကျတော့ ရိုးလွန်းလို့ ရိုးလွန်းလို့ဆိုပြီး စွန့်ပစ်သွားရက်တဲ့ မယားတွေလည်း ဒုနဲ့ဒေးဗျ။
ရိုးသားမှုဟာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပေမယ့် ရိုးသားမှုတစ်ခုတည်းနဲ့ အလုပ်မဖြစ်ဘူးဗျ။
ရိုးသားဖို့ တစ်ခုတည်းအတွက် ဘုရားပွင့်လာတာ မဟုတ်ဘူးဗျ။ သစ္စာလေးပါးကို သိဖို့အတွက်လည်း ပါတယ်ဗျ။
(၇)
“ကိုယ့်အလိုကို မလိုက်တိုင်း မချစ်ဘူးလို့ ပြောတဲ့သူဟာ အလွန် အသိဉာဏ်နည်းတဲ့သူပဲ။ အဲဒါ အဇာတသတ်ရဲ့ အတွေးအခေါ်ဟဲ့၊ လူမိုက်စကားဟဲ့။ ”
ကျေးဇူးတင်ပါတယ် အမေ။
ဦးဇင်းကို အသိဉာဏ်နည်းတဲ့သူ၊ အဇာတသတ်၊ လူမိုက် လို့ သတ်မှတ်ပေးတဲ့အတွက် ကျေးဇူးတင်မိတာပါ အမေ။ အမေအရင်းလို သဘောထားပါတယ် အမေ။ မိခင်တစ်ဦးက သားဆိုးသားမိုက်ကို ကြင်ကြင်နာနာနှင့် နာနာကြင်ကြင် အပြစ်ပြ ဆုံးမတယ်လို့ဘဲ သဘောထားပါတယ် အမေ။
ဆရာဘုန်းကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။
“အကုသိုလ်ကြီးလိုက်တာ။ အားကိုးရမှ ချစ်မယ်ဆိုရင် ငါ့သားပြောတဲ့ ဒေါ်ရီ ဖြစ်ကုန်တော့မှာပေါ့”
ဦးဇင်းရဲ့ အကုသိုလ်ကို တွေးပူပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် အမေ။
ဘုရားသားတော်တစ်ပါးကို အရပ်သည် ဒေါ်ရီနှင့် တစ်တန်းတည်း သတ်မှတ်ပေးလိုက်လို့လည်း ကျေးဇူးအထူး တင်မိတာပါ အမေ။
(ဂ)
ဆရာဘုန်းရေ …… ဆရာဘုန်းရေးတဲ့ အရပ်သတင်း အရပ်အတင်းဖြစ်တဲ့ အရပ်သည် ဒေါ်ရီရဲ့ အကြောင်းပြချက် ‘ဆင်ခြေ’ တွေကို ပကတိအရှိတရားလို့ သတ်မှတ်ကြတော့မှာလားဗျာ။
ချစ်ခြင်းတရားနှင့် အားကိုးခြင်း။
ချစ်ရတဲ့သူက အားကိုးမရတော့
အားကိုးရတဲ့သူကို ချစ်ရတာပါ …… တဲ့။
(ဆရာဘုန်းရဲ့ ညည်းချင်းလေးပါ။)
အားကိုးရမှ ချစ်ရမှာလားဗျာ။
(ဆရာဘုန်းရဲ့ ဒွိဟအတွေးလေးပါ)
အားကိုးရမှ ချစ်ရမှာမဟုတ်ပါဘူး။ အားကိုးရသည်ဖြစ်စေ အားမကိုးရသည်ဖြစ်စေ ချစ်ထိုက်ပါတယ်။ ချစ်ရပါမယ်။
“ဆရာဘုန်း လာတွေ့ပြီးအပြန်မှာ- ကိုတွက်ကို ပြန်ပြောတဲ့ မှတ်ချက်စကားလေး ဦးဇင်း မှတ်မိတယ်။ ဘုန်းဘုန်းက အန်တီကို ငါတို့ထက်တောင် ပိုချစ်နိုင်တာပဲ”
ဒါ့ကြောင့် အားကိုးရသည်ဖြစ်စေ၊ အားမကိုးရသည်ဖြစ်စေ ချစ်ထိုက်သူဆိုရင် ချစ်ကိုချစ်ရမှာပါဗျာ။
ဆရာဘုန်းကိုလည်း မေးရအုံးမယ်။
အားကိုးရတဲ့သူကို မုန်းရမှာလား ဆရာ။
အားကိုးရတဲ့သူကို မုန်းတာ မေတ္တာတဲ့လား ဆရာ။
အားကိုးရတဲ့သူကို ချစ်ခွင့်မရှိဘူးလား ဆရာ။
အားကိုးရတဲ့သူကို ချစ်သူမဟုတ်တာ တစ်ခုတည်းနဲ့ မုန်းတီးပစ်ရမယ်ဆိုတာ လူ့ကျင့်ဝတ်လား ဆရာ။
အားကိုးလို့မရပေမယ့် ချစ်သူအပေါ် မေတ္တာမပျက်သင့်သလို၊ အားကိုးလို့ ရနေပါလျှက်နဲ့ မချစ်သူအပေါ် အမုန်းမဆင့်သင့်ပါဘူး ဆရာ။
(၉)
မ.ဆ.လ လက်ထက်တုန်းကရော၊ န.ဝ.တ - န.အ.ဖ လက်ထက်တုန်းကရော ချစ်တဲ့သူတွေကို အားကိုးလိုက်ကြတာ - ဟိုဌာနနေရာပေး၊ ဒီဌာန တာဝန်ပေးနဲ့ အားကစားတို့၊ ပညာရေးတို့မှာတောင် မရှောင် ဆွေမျိုးတွေကိုခန့်၊ စစ်သားတွေကိုခန့်၊ ကြာတော့ စစ်သားကတော်တွေ၊ ရဲသားကတော်တွေ၊ ကျောင်းဆရာမတွေ၊ သူနာပြုဆရာမတွေ၊ ဖာတန်းရောက်တဲ့သူက ရောက်၊ ဘဝပျောက်တဲ့သူက ပျောက်။ အာဆီယံဒုတိယရခဲ့တဲ့ ဘောလုံးအသင်းလေးတောင် အခုချိန်ထိ နလန်မထူနိုင်ဖြစ်ခဲ့ရပြီ။
ချိုင်းထောက်တို့၊ ဗိုက်မှောက်တို့ဆိုတာ ချစ်သူဦးစားပေး စနစ်ရဲ့ ပြယုဂ်တွေပဲလေဗျာ။
(၁၀)
ဆရာဘုန်းရေ - ပညာရပ် အနက်အဓိပ္ပါယ်ကို ပြောပါရစေဗျာ။
ပကာရေန ဇာနာတီတိ ပညာ။
အပြားအားဖြင့် သိသောတရား။
ဘက်ပေါင်းစုံ၊ ရှုထောင့်မျိုးစုံမှ ချဉ်းကပ်အဖြေရှာသော တရားကိုယ်မှ ပညာလို့ ခေါ်ပါတယ်ဗျာ။
ဆရာ့အမြင်ကပဲ မှန်တယ်။
ဆရာ့အမေအမြင်ကပဲ မှန်တယ်။
ဒေါ်ရီရှုထောင့်ကပဲ မှန်တယ်။
ပထမကောင်မလေးရဲ့ မိခင်အယူအဆကပဲ မှန်တယ်လို့ ဆုံးဖြတ်ရင် မပြည့်စုံပါဘူးဗျာ။
ဆရာဘုန်းရဲ့ အတွေးအမြင်တွေဟာ သညာအဆင့် ဗဟုသုတအဆင့်မှာပဲ ရှိပါသေးတယ်။
ပညာအဆင့်၊ အသိတရားအဆင့်ကို မရောက်ရှိသေးပါဘူး။ အားထုတ်ပါဦးဆရာ။ လေ့လာပါဦးဆရာ၊ ဆည်းပူးပါဦးဆရာ။
ဆရာ ပညာရှိအဆင့်ရောက်တဲ့အခါမှာ အခုလို ရေးမိခဲ့တာလေးကို အဂတိမလိုက်ပဲ တခုတ်တရ ပြန်လည် သုံးသပ်ပေးပါဦးနော်ဆရာ။
(၁၁)
ဆရာဘုန်းရေ……. ဆရာဘုန်းက ဦးဇင်းကို အဇာတသတ်နှင့်နှိုင်းလို့ပြောရဦးမယ်။
အဇာတသတ်က ဦးဇင်းတို့ရဲ့ ကျေးဇူးရှင်ဗျ။
ဦးဇင်းတို့၊ ဆရာဘုန်းတို့ အမြတ်တနိုးနှင့် တန်ဖိုးထား ကိုးကွယ်နေကြတဲ့ သာသနာတော်ဟာ အဇာတသတ်မင်းကြီးရဲ့ ကောင်းမှုကုသိုလ်တွေ ဖြစ်တယ်ဗျ။ တကယ်လို့သာ အဇာတသတ်က သင်္ဂါယန ဒါယကာ မလုပ်ခဲ့ရင် ဆရာဘုန်းအမြင်လည်း ကိုယ်ကျင့်တရားကို တန်ဖိုးထားရကောင်းမှန်း သိမှာ မဟုတ်ဘူး။ ဆရာဘုန်းလည်း - ကုသိုလ် အကုသိုလ် ခွဲခြားတတ်မှာမဟုတ်ဘူး။
ဦးဇင်းလည်း လူ့အသိတရားတောင်ရှိမှာ မဟုတ်ဘူး။ အဇာတသတ်ကြောင့်သာ အခုလိုဘဝမျိုးမှာ ရပ်တည်နိုင်ခဲ့ကြတာဖြစ်လို့ ဦးဇင်းတို့ သာသနာအတွက်တော့ အဇာတသတ်ဟာ အင်မတန် ကျေးဇူးကြီးမားတဲ့ လူယုတ်မာကြီး တစ်ယောက်ပါဗျာ။
အဲဒီ ဖအေသတ်ပြီး နန်းလုခဲ့တဲ့ အဇာတသတ် လူယုတ်မာကြီးကို ဘုရားက ချစ်တော်မူတယ်ဗျ။
မဟာရာဇ - မြတ်သောမင်းကြီးလို့ တလေးတစားတောင် ခေါ်ရှာသား။ (ပရိသတ်ရှေ့မှာတောင် ခေါ်တာနော်)
အမှန်ဆို -
ဟေ့ကောင် - အဖေသတ်ခဲ့တဲ့ကောင်
ဟေ့ကောင် - သာသနာဖျက်
ဟေ့ကောင် - လူမိုက်အားပေးဆိုပြီး မှတ်လောက်သားလောက်အောင် ပြင်းပြင်းထန်ပြောပြီး - ငါ့ဆီမလာနှင့်၊ ငါ့သာသနာနဲ့ မတန်ဘူးဆိုပြီး ပက်ပက်စက်စက်ကို နှိပ်ကွပ်ပစ်သင့်တာဗျ။
အံမယ် - ချစ်ရုံတင်မကဘူး- အားကိုးလိုက်သေးတယ်ဗျ။
အဖသတ်သမားကြီးကိုဗျာ - ဧတဒဂ်လို ဘွဲ့ထူး ဂုဏ်ထူးတွေတောင် ချီးမြှင့်လိုက်သေးဗျ။
တကယ်ဆိုရင် အဇာတသတ်ဟာ ဖနောင့်နဲ့သာ တန်တဲ့သူပါဗျာ။
(၁၂)
ဆရာဘုန်းကိုလည်း မေးပါရစေနော်။
အဖသတ်ခဲ့တဲ့ အဇာတသတ်
အရိယာကို ပြစ်မှားခဲ့တဲ့ အဇာတသတ်
သာသနာကိုဖျက်ဆီးခဲ့တဲ့ အဇာတသတ်
လူမိုက်အားပေး၊ ကြံရာပါဖြစ်ခဲ့တဲ့ အဇာတသတ်။
ဒီလောက်မုန်းစရာကောင်းတဲ့ လူယုတ်မာကြီးကိုဗျာ- ဘုရားက မဟာရာဇလို့ခေါ်တယ်။ ဧတဒဂ်ဘွဲ့ပေးတယ်။ ချီးမြှင့်မြှောက်စားတယ်။
ဒါဆိုရင် - ဘုရားကိုရော အသိဉာဏ်မဲ့တဲ့သူလို့ ပြောမှာလားဟင်။ လူမိုက်အားပေးလို့ သတ်မှတ်မှာလား ဟင်။ အရက်သည်ဒေါ်ရီနှင့် ခိုင်းနှိုင်းမှာလား ဟင်။
ဘုရားကို ကြည်ညိုသူဖြစ်ပါလျက်နဲ့
ဘုရားကတောင် အားကိုးရတဲ့သူ ဖြစ်ပါလျက်နဲ့
သာသနာအတွက် ကျေးဇူးကြီးသူ ဖြစ်ပါလျက်နဲ့
အတိတ်က ကျူးလွန်ခဲ့တဲ့ အမှားတစ်ခုလေးကို ကွက်ကြည့်ပြီးတော့ အဇာတသတ်ကို မုန်းရမှာလား ဆရာ။
အဇာတသတ်ကို အားမကိုးရတော့ဘူးလား ဆရာ။
အဇာတသတ်ကို ကျေးဇူးမတင်ရတော့ဘူးလားဆရာ။
ဆရာ့အဆုံးအဖြတ်ပေးပါနော်။
ဆရာက မုန်းလိုက်ဆိုရင် ဦးဇင်းကလည်း အဇာတသတ်ကြီးကို ခါးခါးသီးသီး မုန်းတီးပစ်လိုက်ပါ့မယ်။
(၁၃)
ဆရာဘုန်းရေ - ပညာရှိသူတော်ကောင်းဆိုတာ အဂတိကင်းရပါတယ်ဗျာ။
ဆန္ဒာဂတိ - အချစ်ကိုဦးစားပေးတဲ့သူ၊ ချစ်ရင်အပြစ်မမြင်စနစ် ကျင့်သုံးသူ
ဒေါသာဂတိ - အမုန်းတရားကို ရှေ့တန်းတင်တဲ့သူ၊ မချစ်ရင် အပြစ်မြင်စနစ် ကျင့်သုံးသူ။
ဘယာဂတိ - အကြောင်းတရားနှင့် ဆုံးဖြတ်ခဲ့တဲ့သူ။
မောဟာဂတိ - မသိမိုက်မဲမိတဲ့သူ။
ပြဿနာတစ်ခုကို အဖြေရှာတဲ့အခါမှာပဲဖြစ်ဖြစ်။
အလုပ်တစ်ခုကို ချဉ်းကပ်တဲ့အခါမှာပဲဖြစ်ဖြစ်။
ချစ်၊ မုန်း၊ ကြောက်ရွံ့၊ မသိမိုက်မဲမှုဆိုတဲ့ အဂတိတရားလေးကို အရင်ဖယ်ထုတ်ပြီးမှ ဆုံးဖြတ်ရပါတယ်ဗျာ။
ချစ်တာတစ်ခုတည်းနှင့်မပြီးဘူး။
ယုံမှတ်လို့ ပုံအပ်ခဲ့ရင် အကုန်ခက်ကုန်လိမ့်မယ်နော်။
အမုန်းတရားကို ရှေ့တန်းတင်ရင် မှားနိုင်တယ်။
အကြောက်တရားနဲ့ အလုပ်လုပ်ရင် နစ်နာကုန်မယ်။
မသိဘဲနဲ့ ရမ်းလုပ်မိရင် ငါးပါးမှောက်မယ်။
ဆရာဘုန်းတစ်ယောက် အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံရဲ့အနာဂတ်ကို တည့်မတ်ဖြောင့်တန်းစွာ တည်ဆောက်နိုင်ပါစေဗျာ……….။
အဇာတသတ်ကိုမှ ချစ်မိသူ

ဦးပဉ္စင်း ဝီရသူ(မစိုးရိမ်)
4.8.2014

ကမ္ဘာကြီး ပျက်ပုံ၊ ဖြစ်ပေါ်လာပုံ နဲ့ ဖန်ဆင်းရှင်ဝါဒ ဖြစ်ပေါ်လာပုံ

 တရားအတိုလေး (၁၄ မိနစ်)

အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၁၄ မိနစ်လောက်လေး အချိန်ပေးနိုင်မယ်ဆိုရင် နာကြည့်စေချင်ပါတယ်။

၃၁ ဘုံစီထားတဲ့ စင်္ကြာဝဠာတွေ အနန္တရှိပါတယ်။ လူ့ဘုံဆိုရင်လည်း တခြားစင်္ကြာဝဠာတွေမှာ အများကြီးရှိတယ်။ ဒီတစ်ခုတည်းရှိတာ မဟုတ်ဘူး။ ဘုရားတွေကတော့ ဒီစင်္ကြာဝဠာမှာပဲ ပွင့်လေ့ပွင့်ထ ရှိပါတယ်။ ဒါကြောင့် ဒီစင်္ကြာဝဠာမှာ ဘုရားပွင့်တဲ့ အချိန်ဆိုရင် တခြားစင်္ကြာဝဠာ အနန္တက နတ်၊ ဗြဟ္မာတွေက ဒီစင်္ကြာဝဠာကိုလာပြီး တရားနာယူကြတာ။

ဆရာတော် အရှင်သုစိတ္တာဘိဝံသ ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ်သင်တန်း တရားတော်မှ ကောက်နုတ်ထားပါတယ်။

တရားတစ်ပုဒ်လုံးကို အောက်ကလင့်ခ်မှာ သွားရောက်နာယူနိုင်ပါတယ်...
https://www.youtube.com/watch?v=9k2HK-bkhdM&index=151&list=PLA3D974B4C3777155
Play Video